ကိုယ်မြတ်နိုးတဲ့ အလုပ်အပေါ်ထားရှိတဲ့ စိတ်ခံစားချက်များကို ရင်ဖွင့်လာတဲ့ စိုင်းစိုင်း

Posted on

တေးဂီတလောကရဲ့ ဘုရင်လို့ အများက ခေါ်ဆိုကြတဲ့ စိုင်းစိုင်းဟာ အနုပညာဘက်မှာလည်း အလွန်နာမည်ကျော်ကြားတဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ ဥာဏ်ရည်ဥာဏ်သွေးလည်း မြင့်မားတဲ့ စိုင်းစိုင်းကို ပရိသတ်အားလုံးက မချီးကျူးဘဲ မနေနိုင်ကြပါဘူး။ စိုင်းစိုင်းက သူချစ်တဲ့ အလုပ်နဲ့ပတ်သက်ပြီး ပျော်ရွှင်မှုနဲ့ ကြိုးစားမှုများကို ပြောပြလာခဲ့ပါတယ်။

စိုင်းစိုင်းက“ငယ်ငယ်ကဘောလုံးကစားကြတဲ့အခါ နိုင်ချင်ကြတာမှန်ပေမယ့် အေး မင်းကိုငါတို့အရှုံးပေးတယ် မကန်တော့ဘူး ပြန်တော့ဆိုရင် ပျော်စရာမကောင်းတော့ဘူးလေ ကန်ကိုကန်ချင်တာ ကစားကို ကစားချင်တာ ကစားပြီးမှနိုင်ချင်တာ သာယာမှုက ကစားခြင်းမှာရှိနေတာ အဲလိုပါပဲ ကိုယ်လုပ်တဲ့အလုပ်က လုပ်ဆောင်နေတဲ့အချိန်မှာ ပျော်သလား ဆိုတာ အရေးကြီးတယ်လို့ ကျနော်ထင်ပါတယ်” လို့ ဆိုပါတယ်။

စိုင်းစိုင်းက ကိုယ်လုပ်တဲ့ အလုပ်ကို ချစ်မြတ်နိုးရင် ပျော်ရွှင်မှုက နောက်ဆုံးရလာဒ်မှာပဲ ရှိတာ မဟုတ်ဘဲ ပြုလုပ်နေတဲ့ အချိန်တိုင်းမှာလည်း စိတ်ကျေနပ်မှုဆိုတာ ရှိပါတယ်လို့ ဆိုပါတယ်။

“ကိုယ့်အလုပ်ကိုကိုယ်ချစ်မြတ်နိုးတဲ့အခါ ပျော်ရွှင်မှုက နောက်ဆုံးရလဒ်မှာပဲရှိတာမဟုတ်ပါ ပွဲမှာ လူတွေအများကြီးနာမည်အော်ဟစ်တောင်းဆိုအားပေးတဲ့အခါမှာတော့ ပျော်ရွှင်မှုရဲ့ အထွဋ်အထိပ်လို့ပြောလို့ရပါတယ် ဒါပေမယ့် ကျနော့်ပျော်ရွှင်မှုက အောင်မြင်မှုတစ်ခုတည်းမှာပဲ ရှိတာမဟုတ်ပါဘူး သီချင်းစရေးကတည်းကလည်း သာယာပါတယ် တီးနေတော့လည်းကျေနပ်တယ် ပွဲအတွက်ပြင်ဆင်အားထုတ်နေရတာလည်း အရသာပဲ အကြိမ်ကြိမ် အစမ်းလေ့ကျင့်နေရတာလည်း Feel ပဲ စီစဉ်နေရတာကိုက စိတ်တက်ကြွစရာ အမှန်တကယ်ဝါသနာပါတဲ့အလုပ်ဆိုတာ Final Result အတွက်ကြိုးစားနေရတာမှန်ပေမယ့် Process တိုင်း Moment တိုင်းမှာ Pleasure ရှိနေတာမျိုးပဲဖြစ်ပါတယ်” ဆိုပြီး သူခံယူထားတဲ့ အောင်မြင်မှုရဲ့ပျော်ရွှင်မှုများကို သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ဇူလိုင်လ (၂၈) ရက်နေ့ နေ့လည် (၁၁) နာရီခွဲလောက်က ရေးသားခဲ့ပါတယ်။

စိုင်းစိုင်းရဲ့ ရေးသားပြောပြချက်ကို ပရိသတ်အားလုံးက ထောက်ခံကြပြီး လက်ခံအားပေးကြပါတယ်။ စိုင်းစိုင်းရဲ့ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆို သီချင်းများဟာ အတော်လေးအောင်မြင်ခဲ့ပြီး ထွက်ရှိသမျှ တေးစီးရီးတိုင်းကလည်း အောင်မြင်ခဲ့ပါတယ်။

စာဖတ်ပရိသတ်ကြီးရော … စိုင်းစိုင်းပြောပြခဲ့တဲ့ အကြောင်းအရာကို လက်ခံကျေနပ်ရဲ့လားဆိုတာ မှတ်ချက်မှာ ရေးသားခဲ့ဦးနော်။

Source : Sai Sai Kham Leng Fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.