ကိုယ့္အနီးအနားက လိုအပ္ေနတဲ့လူေတြကို တတ္နိုင္သေလာက္ ကူညီေဖးမဖို့ Challenge ေခၚလိုက္တဲ့ ယုန္ေလး

Posted on

ပရိသတ်တွေချစ်ကြတဲ့ အဆိုတော်၊ သရုပ်ဆောင်၊ ဒါရိုက်တာ ယုန်လေးကတော့ အနုပညာလုပ်ငန်းတွေမှာ အောင်မြင်မှုရရှိနေသလို စိတ်ထားလည်းကောင်းတာကြောင့် လူချစ်လူခင်ပေါများသူတစ်ယောက် ဖြစ်ပါတယ်။ ယုန်လေးကတော့ လူချစ်လူခင်ပေါများသူတစ်ယောက်ပီပီ သူ့ရဲ့ မိတ်ဆွေတွေနဲ့ စုပေါင်းပြီး အလှူအတန်းတွေကို မကြာခဏပြုလုပ်လေ့ရှိတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ယုန်လေးက ကိုယ့်အနီးအနားက လိုအပ်နေတဲ့လူတွေကို တတ်နိုင်သလောက် ကူညီဖေးမဖို့ Challenge လေးတစ်ခုပြုလုပ်ကြောင်း အခုလိုပဲ ပြောလာပါတယ်။

“ကဲ Challenge တွေကြားထဲ ဒီ Challenge လေးတော့ ခေါ်မယ်။ ထီလိုက်လှူစရာ မလိုပါဘူး။ ထီက မြင့်မြတ်၊ သင်ဇာဝင့်ကျော်၊ Jenny၊ ကိုဖိုးဝတို့ အလှူထည့်ထားလို့ ထီလေးတွေနဲ့ ရောလှူတာပါ။ ဒီအချိန်မှာ လူတိုင်း အဆင်မပြေပါဘူး။ ဒါပေမယ့် ကိုယ့်ထက် အဆင်မပြေတဲ့ (လူကငြိမ်နေပေမယ့် အစာအိမ်ကငြိမ်ငြိမ်နေလို့မရဘူး) Crd မင်းခိုက်စိုးစံ။ နည်းတာ များတာမရှိပါ။ နီးစပ်ရာ ကိုယ်ပတ်ဝန်းကျင်က လိုအပ်တဲ့လူတွေကိုကူတဲ့ Challenge ပါ။ လူတိုင်းကို Challenge ခေါ်ပါတယ်။ ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေလာပါတယ်။

ယုန်လေးကတော့ သူကိုယ်တိုင်လည်း လက်လှမ်းမှီသလောက် အလှူအတန်းတွေ ပြုလုပ်နေသလို သူ့ရဲ့ အနီးအနားပတ်ဝန်းကျင်က မိတ်ဆွေတွေကလည်း အလှူလေးလုပ်ဖို့ Challenge ခေါ်ရင်း နိဗ္ဗာန်ဆော်လုပ်ထားတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Yone Lay’s fb

zawgyi

ပရိသတ္ေတြခ်စ္ၾကတဲ့ အဆိုေတာ္၊ သ႐ုပ္ေဆာင္၊ ဒါ႐ိုက္တာ ယုန္ေလးကေတာ့ အႏုပညာလုပ္ငန္းေတြမွာ ေအာင္ျမင္မႈရရွိေနသလို စိတ္ထားလည္းေကာင္းတာေၾကာင့္ လူခ်စ္လူခင္ေပါမ်ားသူတစ္ေယာက္ ျဖစ္ပါတယ္။ ယုန္ေလးကေတာ့ လူခ်စ္လူခင္ေပါမ်ားသူတစ္ေယာက္ပီပီ သူ႔ရဲ႕ မိတ္ေဆြေတြနဲ႔ စုေပါင္းၿပီး အလႉအတန္းေတြကို မၾကာခဏျပဳလုပ္ေလ့ရွိတာပဲ ျဖစ္ပါတယ္။ ဒီကေန႔မွာလည္း ယုန္ေလးက ကိုယ့္အနီးအနားက လိုအပ္ေနတဲ့လူေတြကို တတ္ႏိုင္သေလာက္ ကူညီေဖးမဖို႔ Challenge ေလးတစ္ခုျပဳလုပ္ေၾကာင္း အခုလိုပဲ ေျပာလာပါတယ္။

“ကဲ Challenge ေတြၾကားထဲ ဒီ Challenge ေလးေတာ့ ေခၚမယ္။ ထီလိုက္လႉစရာ မလိုပါဘူး။ ထီက ျမင့္ျမတ္၊ သင္ဇာဝင့္ေက်ာ္၊ Jenny၊ ကိုဖိုးဝတို႔ အလႉထည့္ထားလို႔ ထီေလးေတြနဲ႔ ေရာလႉတာပါ။ ဒီအခ်ိန္မွာ လူတိုင္း အဆင္မေျပပါဘူး။ ဒါေပမယ့္ ကိုယ့္ထက္ အဆင္မေျပတဲ့ (လူကၿငိမ္ေနေပမယ့္ အစာအိမ္ကၿငိမ္ၿငိမ္ေနလို႔မရဘူး) Crd မင္းခိုက္စိုးစံ။ နည္းတာ မ်ားတာမရွိပါ။ နီးစပ္ရာ ကိုယ္ပတ္ဝန္းက်င္က လိုအပ္တဲ့လူေတြကိုကူတဲ့ Challenge ပါ။ လူတိုင္းကို Challenge ေခၚပါတယ္။ ” ဆိုၿပီး သူ႔ရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ မွ်ေဝလာပါတယ္။

ယုန္ေလးကေတာ့ သူကိုယ္တိုင္လည္း လက္လွမ္းမွီသေလာက္ အလႉအတန္းေတြ ျပဳလုပ္ေနသလို သူ႔ရဲ႕ အနီးအနားပတ္ဝန္းက်င္က မိတ္ေဆြေတြကလည္း အလႉေလးလုပ္ဖို႔ Challenge ေခၚရင္း နိဗၺာန္ေဆာ္လုပ္ထားတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Yone Lay’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.