ကိုယ့်ကိုကိုယ်တောင် ဂရုမစိုက်ပဲ အိမ်ဦးနတ်ခင်ပွန်းကိုပဲ ဦးစားပေးလွန်းတဲ့ ဇနီးအလိမ္မာလေး ရွှေမှုံရတီအကြောင်း ပြောလာတဲ့ ရွှေထူး

Posted on

ပရိသတ်တွေချစ်ကြတဲ့ ထိပ်တန်းအနုပညာရှင်နှစ်ယောက်ဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့က ခိုင်မာတဲ့အချစ်တွေနဲ့ ကြင်နာစွာလက်တွဲရင်း တူနှစ်ကိုယ်ပျော်ရွှင်တဲ့ဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီက ချစ်သူသမီးရည်းစားဘဝကတည်းက ပရိသတ်တွေရဲ့ အာရုံစိုက်ခံခဲ့ရပြီး လက်ရှိ အိမ်ထောင်သက် (၂) နှစ်နီးပါးတိုင် ပရိသတ်တွေ အားကျနေရဆဲ ဇနီးမောင်နှံတွေပဲ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီကလည်း ပရိသတ်တွေအတွက် အနုပညာလှုပ်ရှားမှုတွေအပြင် သူတို့ဇနီးမောင်နှံရဲ့ အကြောင်းတွေကိုပါ မျှဝေပေးလေ့ရှိပါတယ်။

ရွှေထူးက တစ်နိုင်ငံလုံးက ပရိသတ်တွေ သည်းသည်းလှုပ်ချစ်ရတဲ့ မင်းသမီးချော ရွှေမှုံရတီကို ပိုင်ဆိုင်ထားရလို့ ကံကောင်းတဲ့အပြင် အိမ်ဦးနတ်ခင်ပွန်းကိုပဲ ဦးစားပေးဂရုစိုက်နေတဲ့ ဇနီးအလိမ္မာလေးကိုပါ ရရှိထားတာ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ရွှေထူးက ကိုယ့်ကိုကိုယ်တောင် ဂရုမစိုက်ပဲ အိမ်ဦးနတ်ခင်ပွန်းအတွက်ပဲ အဝတ်အစား အသုံးအဆောင်တွေဝယ်ပေးတဲ့ ဇနီးလေးအကြောင်းကို ” ယောကျာ်းကိုတော့ အတော်ချစ်ရှာတာ။ ချစ်တယ် ချစ်ဇနီးရေ.. ကိုယ့်အတွက်လည်းကိုယ် ဝယ်ပါဦး” ဆိုပြီး ပီတိတွေနဲ့ ပြောပြထားပါတယ်။

ရွှေထူးကတော့ သူ့ထက် အသက်ငယ်ပေမယ့် အရည်အချင်းလည်းရှိပြီး မိသားစုလေးကိုလည်း ဂရုစိုက်တန်ဖိုးထားတဲ့ ဇနီးအလိမ္မာလေးကို ရရှိထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရွှေထူးရဲ့ အချစ်ခံရမှုကြီးကိုကြည့်ပြီး အားကျနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Htoo Khant’s fb
zawgyi

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.