ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိပြီး ရွှတ်ရွှတ်နောက်နောက်နေတတ်တဲ့ ညီမငယ် နိုင်ဖြိုးဥအကြောင်းကို ဖောက်သည်ချပြောလာတဲ့ ပိုင်ဖြိုးသု

Posted on

လူကောင်သေးသေးလေးနဲ့ သရုပ်ဆောင်အင်မတန်တော်တဲ့ မင်းသမီးချော ပိုင်ဖြိုးသုကို တစ်နိုင်ငံလုံးက ပရိသတ်တွေ အားပေးချစ်ခင်ပြီးသားဖြစ်မှာပါ။ ပိုင်ဖြိုးသုရဲ့ ညီမလေး နိုင်ဖြိုးဥကလည်း ပိုင်ဖြိုးသုမင်္ဂလာပွဲကတည်းက ပရိသတ်ကြီးအားလုံးသိပြီးသားဖြစ်ပြီး နိုင်ဖြိုးဥက အနုပညာအလုပ်တွေမလုပ်ကိုင်ပေမယ့် ကျော်ကြားသူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး တစ်ယောက်နဲ့တစ်ယောက် အမြဲတမ်းစနောက်လေ့ရှိတဲ့ ညီအစ်မနှစ်ယောက်က ဒီနေ့မှာ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိပြီး ရွှတ်ရွှတ်နောက်နောက်နေတတ်တဲ့ ညီမငယ် နိုင်ဖြိုးဥအကြောင်းကို အခုလိုပဲပြောလာပါတယ်။

ပိုင်ဖြိုးသုက “ယူတို့ကလေ ယူတို့ရဲ့မမဥဥလေးကိုအိုင်ကငယ်ငယ်ကတည်းက မွေးစားသမီးလို့စနေကြမို့ မမဥဥလေးခမျာ သိမ်ငယ်စိတ်လေးဝင်နေရှာမယ် ဝမ်းနည်းနေရှာမယ်လို့ထင်ကြတယ်ပေါ့…😏😏😏 ယူတို့မမဥဥလေးရဲ့ ကွန်းဖီးဒန့်လယ်ဗယ် ကိုတစ်ချက်ရှိုး….😎နောက်ဆုံးမှာထည့်ပေးထားတဲ့ video ကအသက် 🤣🤣🤣” ဆိုပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့ ညီမငယ်လေးအကြောင်းကို ပြောလာပါတယ်။

နိုင်ဖြိုးဥကတော့ ပိုင်ဖြိုးသုအိမ်ထောင်မကျခင်ကတည်းက အစ်မနဲ့နီးနီးကပ်ကပ်နေလေ့ရှိပြီး ပိုင်ဖြိုးသု အိမ်ထောင်ကျပြီးနောက်ပိုင်းမှာလည်း မပြောင်းလဲပဲ အရင်ကအတိုင်း ကလေးဆိုးလေးဆိုးနေဆဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ပိုင်ဖြိုးသုနဲ့ နိုင်ဖြိုးဥတို့ ညီအစ်မနှစ်ယောက်ရဲ့ အဖြစ်လေးကိုကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်။

Source: Paing Phyoe Thu’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.