ကိုယ် ဝန် ပျက် ကျ ခဲ့တာ (၃) ပတ်ေ လာက်ရှိ ခဲ့ပြီ ဆို တဲ့ စူပါမော်ဒယ် လ် သ န္တာလှို င်

Posted on

ဆယ်ကျော်သက်လေးလို အမြဲနုပျိုနေတဲ့ သန္တာလှိုင်ကတော့ ကျန်းမာရေးအတွက်ရော၊ အလှအပအတွက်ပါ အားကစားလိုက်စားသူတစ်ဦးမို့ အဆီပိုမရှိ ကျစ်လစ်ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားသူတစ်ဦးပဲ ဖြစ်ပါတယ်။ သန္တာလှိုင်ကလည်း သူမကိုယ်တိုင် သဘာဝနည်းလမ်းကျကျ အလှအပကို ပိုင်ဆိုင်ထားသလို T’s Workshop ဆိုတဲ့ သင်တန်းဖွင့်ပြီးလည်း ကျန်းမာရေးဆိုင်ရာ လေ့ကျင့်ခန်းတွေနဲ့ ဗဟုသုတတွေကို မျှဝေပေးနေလျက်ရှိပါတယ်။

သားတစ်ယောက်နဲ့ သမီးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ သန္တာလှိုင်က ဒီတစ်ခါမှာတော့ သူမရဲ့ T’s Workshop သင်တန်းအကြောင်းပြောရင်း သူမရဲ့ ကိုယ်ဝန်ပျက်ကျသွားတဲ့အကြောင်းကို ပြောလာတာပဲ ဖြစ်ပါတယ်။ ထိုပို့စ်အောက်မှာ ပရိသတ်တစ်ယောက်က ကိုယ်ဝန်ပျက်ကျသွားတာမကြာသေးဘူးမို့ လေ့ကျင့်ခန်းလုပ်လို့ရလားဆိုပြီး မေးခွန်းထုတ်ခဲ့ရာ သန္တာလှိုင်က သူမကိုယ်တိုင်လည်း ကိုယ်ဝန်ပျက်ကျခဲ့တာ (၃) ပတ်ရှိပြီဆိုပြီ းပြန်လည်ဖြေကြားခဲ့တာပဲ ဖြစ်ပါတယ်။

သန္တာလှိုင်ကတော့ သားသမီးနှစ်ယောက်ရှိပြီဆိုပေမယ့်လည်း နောက်ထပ် ရင်သွေးယူဖို့ ဆန္ဒရှိနေတာပဲ ဖြစ်ပါတယ်။ သန္တာလှိုင်တစ်ယောက် နောက်ထပ်ရင်သွေးရတနာလေးကို အမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Thandar Hlaing သန်တာလှိုငျ’s fb

zawgyi




Source: Thandar Hlaing သန္တာလႈိင်’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.