ကိုယ်ပိုင်ကားအလန်းလေးနဲ့ အထာကျလွန်းနေတဲ့ ယွန်းယွန်း

ကလေးသရုပ်ဆောင် ဘဝကတည်းက ပရိသတ်တွေကို ခံစားချက်ရသတွေ မျိုးစုံပေးနိုင်ခဲ့တဲ့ ချစ်စရာကောင်မလေး ယွန်းယွန်းကတော့ လက်ရှိမှာ အရောင်အသွေးစုံလင်တဲ့ အပျိုမလေး ဖြစ်လို့နေပါပြီ။ အရွယ်​​ရောက်​လာ​လေ ပိုပိုလှလာ​လေ ဖြစ်​တဲ့ ယွန်းယွန်း​လေးက​တော့ အခုဆိုရင်​ မင်းသမီးတစ်​ဦးအ​နေနဲ့ သရုပ်​​ဆောင်​​နေရပြီပဲ ဖြစ်​ပါတယ်​။

လတ်တလောမှာတော့ ယွန်းယွန်းလေးက ကိုယ်ပိုင်ကားပေါ်မှာ အထာကျကျလန်းနေတဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်ပေါ်မှာ တင်ထားတာတွေ့ရပါတယ်နော်။

ချစ်ပရိသတ်တွေအတွက် ကိုယ်ပိုင်ကားလေးနဲ့ အထာကျကျလန်းနေတဲ့ ယွန်းယွန်းရဲ့ ချစ်စရာပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

လတ်တလောမှာတော့ ယွန်းယွန်းက ပွဲတွေကို အဆက်မပြတ်ဆိုသလို တက်ရောက်နေတာဖြစ်ပြီး အနုပညာအလုပ်တွေနဲ့လည်း အလှမ်းဝေးမှု မရှိရအောင် ကြော်ငြာတွေကို အဆက်မပြတ် ရိုက်ကူးပေးနေသူလေးလည်း ဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ အထာ ကျတဲ့ပုံစံမျိုးနဲ့ တစ်နေ့တစ်ခြား အရမ်းကိုလှလာတဲ့ ယွန်းယွန်းရဲ့ အပြုံးလေးတွေကတော့ မြင်သူတိုင်းကို စွဲလန်းသွားစေနိုင်လောက်တဲ့ အပြုံးမျိုးပါပဲနော်။ သူမရဲ့ ကိုယ်ပိုင်ကားလေးကိုတော့ မိခင်ဖြစ်သူက သူမရဲ့ မွေးနေ့မှာ ဝယ်ပေးခဲ့တဲ့ ကားလေးပဲ ဖြစ်ပါတယ်။

ယွန်းယွန်းက​တော့ လတ်​တ​လောမှာ ဇာတ်​ကား​တွေ ဆက်​တိုက်​ရိုက်​ကူးဖြစ်​​နေပြီး တစ်​ခြား​သောအနုပညာအလုပ်​​တွေလည်း လုပ်​ကိုင်​ဖြစ်​​နေတာ ​တွေ့ရပါတယ်​။ သရုပ်​​ဆောင်​ ပီပြင်​လွန်းတာ​ကြောင့်​လည်း က​လေးသရုပ်ဆောင်ဘဝမှာ “တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆု ရရှိထားပါသေးတယ်။

ချစ်​ပရိသတ်​​တွေလည်း အရမ်းကိုလှလာတဲ့ ယွန်းယွန်း​လေးကိုချစ်​ရင်​ ကားပေါ်မှာ အထာကျကျလှနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးသွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Source;momolay

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.