သီခ်င္းေကာင္းေလးေတြကိုဖန္တီးသီဆိုတတ္တဲ့မိုးမိုးဟာ သံစဥ္ခ်ိဳေအးေအးေလးေတြနဲ႔ ပရိသတ္ေတြကိုသေဘာေခြ႕ေစခဲ့တဲ့ စိုးျပည့္သဇင္နဲ႔အတူ စုံတြဲသီခ်င္းေလးတစ္ပုဒ္ဖန္တီးေနတဲ့ ပုံရိပ္ေလးေတြကို လူမႈကြန္ရက္မွာေဝမွ်ခဲ့ပါတယ္။ ဂီတသက္တမ္း ၾကာျမင့္ခဲ့ၿပီျဖစ္တဲ့မိုးမိုးဟာ သီခ်င္းေကာင္းမ်ားစြာကို ေရးစပ္သီဆိုခဲ့သလို သ႐ုပ္ေဆာင္အျပင္ အဆိုကိုပါအားသာတဲ့ စိုးျပည့္ဟာ ဖခင္ရဲ႕ အဆိုဝါသနာလက္ဆင့္ကမ္းသူေလးျဖစ္ခဲ့ပါတယ္။
သမီးေလးအသံသြင္းတာကို ေဖေဖကပါလိုက္ခဲ့ၿပီး စတူဒီယိုမွာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ဓာတ္ဖမ္းခဲ့ၾက ပါတယ္။ သ႐ုပ္ေဆာင္ပိုင္းမွာလည္း ထူးခြၽန္သူမို႔ အကယ္ဒမီဆုကို ထိုက္ထိုက္တန္တန္ ရထားသူေလး စိုးျပည့္ရဲ႕ သူမရဲ႕ဂီတအစြမ္းအစကိုလည္း ခ်ျပခ်င္တာေၾကာင့္ သီခ်င္းေခြတစ္ေခြလည္းထြက္ခဲ့ၿပီး ပရိသတ္ေတြရဲ႕အားေပးမႈကိုလည္းရခဲ့ပါတယ္။
ႏွစ္ေယာက္အတူအသံသြင္းေနတဲ့ပုံရိပ္ေတြကို ” ေပ်ာ္စရာ စုံတြဲသီခ်င္းေလး အၿပီးသတ္ အသံသြင္းၾက ” ဆိုၿပီး မိုးမိုးကတင္ထားတာပဲျဖစ္ပါတယ္။ ပရိသတ္ေတြက အသစ္အသစ္ေသာ ဖန္တီးမႈေတြကို နားဆင္ရေတာ့မွာမို႔ စိတ္လႈပ္ရွားၿပီး ေပ်ာ္ေနၾကတဲ့မွတ္ခ်က္ေတြေပးခဲ့ၾကပါ တယ္။
CRD – Cele Zone
Photo – Moe Sithu Kyaw
Unicode
သီချင်းကောင်းလေးတွေကိုဖန်တီးသီဆိုတတ်တဲ့မိုးမိုးဟာ သံစဉ်ချိုအေးအေးလေးတွေနဲ့ ပရိသတ်တွေကိုသဘောခွေ့စေခဲ့တဲ့ စိုးပြည့်သဇင်နဲ့အတူ စုံတွဲသီချင်းလေးတစ်ပုဒ်ဖန်တီးနေတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ရက်မှာဝေမျှခဲ့ပါတယ်။ ဂီတသက်တမ်း ကြာမြင့်ခဲ့ပြီဖြစ်တဲ့မိုးမိုးဟာ သီချင်းကောင်းများစွာကို ရေးစပ်သီဆိုခဲ့သလို သရုပ်ဆောင်အပြင် အဆိုကိုပါအားသာတဲ့ စိုးပြည့်ဟာ ဖခင်ရဲ့ အဆိုဝါသနာလက်ဆင့်ကမ်းသူလေးဖြစ်ခဲ့ပါတယ်။
သမီးလေးအသံသွင်းတာကို ဖေဖေကပါလိုက်ခဲ့ပြီး စတူဒီယိုမှာ ပျော်ပျော်ရွှင်ရွှင် ဓာတ်ဖမ်းခဲ့ကြ ပါတယ်။ သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်သူမို့ အကယ်ဒမီဆုကို ထိုက်ထိုက်တန်တန် ရထားသူလေး စိုးပြည့်ရဲ့ သူမရဲ့ဂီတအစွမ်းအစကိုလည်း ချပြချင်တာကြောင့် သီချင်းခွေတစ်ခွေလည်းထွက်ခဲ့ပြီး ပရိသတ်တွေရဲ့အားပေးမှုကိုလည်းရခဲ့ပါတယ်။
နှစ်ယောက်အတူအသံသွင်းနေတဲ့ပုံရိပ်တွေကို ” ပျော်စရာ စုံတွဲသီချင်းလေး အပြီးသတ် အသံသွင်းကြ ” ဆိုပြီး မိုးမိုးကတင်ထားတာပဲဖြစ်ပါတယ်။ ပရိသတ်တွေက အသစ်အသစ်သော ဖန်တီးမှုတွေကို နားဆင်ရတော့မှာမို့ စိတ်လှုပ်ရှားပြီး ပျော်နေကြတဲ့မှတ်ချက်တွေပေးခဲ့ကြပါ တယ်။
CRD – Cele Zone
Photo – Moe Sithu Kyaw