ကိုယ်တိုင်လုပ်ထားတဲ့ မုန့်တွေနဲ့ ဂေဟာက ကလေးတွေကို လာရောက်ကျွေးမွေးပေးတဲ့ မြတ်ကေသီအောင်ကို ကျေးဇူးတင်စကားပြောလာတဲ့ ခိုင်နှင်းဝေ

Posted on

ခိုင်နှင်းဝေကတော့ “ခိုင်နှင်းဝေ ပရဟိတအသင်း” ၊ “ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ” စတဲ့ အဖွဲ့အစည်းတွေကို တည်ထောင်ထားသူတစ်ယောက်ဖြစ်ပါတယ်။ ပရဟိတလုပ်ငန်းတွေနဲ့ အနုပညာလုပ်ငန်းတွေကို လက်မလည်အောင် လုပ်ကိုင်နေရတဲ့ ခိုင်နှင်းဝေက လူချစ်လူခင်ပေါများသူတစ်ယောက်ဖြစ်ပြီး သူမရဲ့ဂေဟာလေးကိုလည်း ဝိုင်းဝန်းကူညီဖေးမပေးသူတွေကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း ခိုင်နှင်းဝေက အကယ်ဒမီမြတ်ကေသီအောင်တစ်ယောက် ဂေဟာကကလေးတွေဆီ လာရောက်လည်ပတ်ခဲ့တဲ့အကြောင်း အခုလိုပဲပြောထားပါတယ်။

“ကျမရဲ့ ကလေးတွေဆီကို မမ မြတ်ကေသီအောင် ကိုယ်တိုင်လုပ် မုန့်တွေကို လာရောက်ကျွေးမွေး မေတ္တာလာပေးသည့်အတွက် ကျေးဇူးအများကြီးတငိပါတယ် ကိုယ့်အစ်မရေ…” ဆိုပြီး ကိုယ်တိုင်လုပ်ထားတဲ့မုန့်တွေနဲ့ ဂေဟာက ကလေးတွေကို လာရောက်ကျွေးမွေးပေးတဲ့ မြတ်ကေသီအောင်ကို ကျေးဇူးတင်စကားပြောထားတာပဲ ဖြစ်ပါတယ်။

ခိုင်နှင်းဝေနဲ့ မြတ်ကေသီအောင်က အနုပညာအလုပ်တွေကို တွဲဖက်ပြီးလုပ်ကိုင်ဖူးသလို အပြင်မှာလည်း ညီအစ်မတွေလို ခင်မင်ရင်းနှီးကြသူတွေပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေအားလုံး သာယာပျော်ရွှင်တဲ့နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Khine Hnin Wai’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.