ကိုယ္တိုင္ရွာေဖြထားတဲ့ အနုပညာေလးေတြစုေပါင္းျပီး ေဝဘာဂီေဆးရံုၾကီးမွာ ေမြးေန့အၾကိဳ ေငြ (၁၈) သိန္းလွဴဒါန္းခဲ့တဲ့ စံထိပ္ထားဦး

Posted on

နိုင်ငံကျော် အကယ်ဒမီများရှင် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ခိုင်သင်းကြည်ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေများစွာ ရရှိပိုင်ဆိုင်ထားသလို လူတကာ အားကျရတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ခိုင်သင်းကြည်ရဲ့ သမီးလေး စံထိပ်ထားဦးကလည်း အကယ်ဒမီ ရွှေကြိုတစ်ယောက်အဖြစ် ပါဝင်ဆောင်ရွက်ပြီးနောက်ပိုင်းမှာ မေမေနဲ့အတူတူ အနုပညာလှုပ်ရှားမှုတွေ အနည်းနဲ့အများ လုပ်ကိုင်လာတာကို တွေ့ရပါတယ်။ စံထိပ်ထားဦးကလည်း အခုဆိုရင် အနုပညာလောကမှာ နေရာရရှိနေပြီး မေမေ့လိုပဲ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိနေပြီပဲ ဖြစ်ပါတယ်။

လာမယ့် နိုဝင်ဘာလ (၂၆) ရက်နေ့ကတော့ စံထိပ်ထားဦးလေးရဲ့ အသက် (၁၈) နှစ်ပြည့်မယ့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်သာရှိသေးတဲ့ စံထိပ်ထားဦးကတော့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေရပြီမို့ သူရရှိထားတဲ့ အနုပညာကြေးလေးတွေကို မိဘတွေဆီ အပ်သလို သူမကိုယ်တိုင်လည်း စုဆောင်းထားတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ နိုဝင်ဘာလ (၂၄) ရက်နေ့မှာတော့ စံထိပ်ထားဦးက သူမရဲ့ မွေးနေ့အကြိုကုသိုလ်အဖြစ် ရန်ကုန် ဝေဘာဂီဆေးရုံကြီးမှာ ငွေကျပ် (၁၈) သိန်းကျပ်တိတိ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

စံထိပ်ထားဦးကတော့ မိဘတွေရဲ့ အထောက်အပံ့မပါပဲ သူမကိုယ်တိုင်ရှာဖွေထားတဲ့ ငွေလေးတွေကို လှူဒါန်းခဲ့တာ တကယ့်ကို လေးစားစရာပါပဲနော်။ ပရိသတ်ကြီးလည်း လူငယ်ပေမယ့် စိတ်ထားလေး မွန်မြတ်လှတဲ့ ထိပ်ထိပ်လေးကို ပိုလို့တောင် ချစ်သွားကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: San Htate Htar Oo’s fb

zawgyi

နိုင္ငံေက်ာ္ အကယ္ဒမီမ်ားရွင္ သရုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ခိုင္သင္းၾကည္ကေတာ့ အနုပညာေလာကမွာ ေအာင္ျမင္မႈေတြမ်ားစြာ ရရိွပိုင္ဆိုင္ထားသလို လူတကာ အားက်ရတဲ့ မိသားစုဘဝေလးကို တည္ေဆာက္ထားတာပဲ ျဖစ္ပါတယ္။ ခိုင္သင္းၾကည္ရဲ့ သမီးေလး စံထိပ္ထားဦးကလည္း အကယ္ဒမီ ေရႊၾကိဳတစ္ေယာက္အျဖစ္ ပါဝင္ေဆာင္ရြက္ျပီးေနာက္ပိုင္းမွာ ေမေမနဲ့အတူတူ အနုပညာလႈပ္ရွားမႈေတြ အနည္းနဲ့အမ်ား လုပ္ကိုင္လာတာကို ေတြ့ရပါတယ္။ စံထိပ္ထားဦးကလည္း အခုဆိုရင္ အနုပညာေလာကမွာ ေနရာရရိွေနျပီး ေမေမ့လိုပဲ ပရိသတ္ေတြရဲ့ အားေပးခ်စ္ခင္မႈကို ရရိွေနျပီပဲ ျဖစ္ပါတယ္။

လာမယ့္ နိုဝင္ဘာလ (၂၆) ရက္ေန့ကေတာ့ စံထိပ္ထားဦးေလးရဲ့ အသက္ (၁၈) နွစ္ျပည့္မယ့္ ေမြးေန့ေလးပဲ ျဖစ္ပါတယ္။ ဆယ္ေက်ာ္သက္အရြယ္သာရိွေသးတဲ့ စံထိပ္ထားဦးကေတာ့ အနုပညာအလုပ္ေတြကို လုပ္ကိုင္ေနရျပီမို့ သူရရိွထားတဲ့ အနုပညာေၾကးေလးေတြကို မိဘေတြဆီ အပ္သလို သူမကိုယ္တိုင္လည္း စုေဆာင္းထားတာပဲ ျဖစ္ပါတယ္။ ဒီကေန့ နိုဝင္ဘာလ (၂၄) ရက္ေန့မွာေတာ့ စံထိပ္ထားဦးက သူမရဲ့ ေမြးေန့အၾကိဳကုသိုလ္အျဖစ္ ရန္ကုန္ ေဝဘာဂီေဆးရံုၾကီးမွာ ေငြက်ပ္ (၁၈) သိန္းက်ပ္တိတိ လွဴဒါန္းခဲ့တယ္လို့ သိရပါတယ္။

စံထိပ္ထားဦးကေတာ့ မိဘေတြရဲ့ အေထာက္အပံ့မပါပဲ သူမကိုယ္တုိင္ရွာေဖြထားတဲ့ ေငြေလးေတြကို လွဴဒါန္းခဲ့တာ တကယ့္ကို ေလးစားစရာပါပဲေနာ္။ ပရိသတ္ၾကီးလည္း လူငယ္ေပမယ့္ စိတ္ထားေလး မြန္ျမတ္လွတဲ့ ထိပ္ထိပ္ေလးကို ပိုလို့ေတာင္ ခ်စ္သြားၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: San Htate Htar Oo’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.