“ကိုယ်တိုင်ရှာလို့ရသမျှ အနုပညာကြေးငွေတွေနဲ့ လှူဒါန်းဖို့ ရည်ရွယ်ထားတဲ့ လူနာတင်ကားတစ်စီး လှူဒါန်းနိုင်ခဲ့လို့ ပျော်ရွှင်နေတဲ့ G”

Posted on





Unicode

ပရိသတ်ကြီးရေ ချမ်းသာတဲ့ မိဘများရဲ့ လောင်းရိပ်အောက်ကမဟုတ်ဘဲ တစ်ယောက်တည်း ရပ်တည်သူ The Voice Myanmar Season (3)ရဲ့ ပြိုင်ပွဲဝင်ဟောင်းဖြစ်သူ G ကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ G ကတော့ သူမနှစ်သက်ရာ အလုပ်တွေကို လုပ်ကိုင်ရင်း ဂီတပြိုင်ပွဲဝင်ရာက အစပြုပြီး သူမရဲ့ ပကာသနမရှိ နေထိုင်တတ်တဲ့ ပုံစံလေးတွေကြောင့် ပရိသတ်တွေရဲ့ အထင်ကြီးမှုနဲ့ အားပေးမှုတွေကို ရရှိထားသူလေးပဲဖြစ်ပါတယ်နော်.။

နာမည်ဂုဏ်သတင်းကျော်ကြားတဲ့ အသိုင်းအဝိုင်းက ဆင်းသက်လာသူ တစ်ယောက်ဖြစ်ပေမယ့် ပကာသန မရှိ သူမရှာသမျှ ကိုယ်ပိုင်ဝင်ငွေလေးနဲ့ပဲ ရပ်တည်ကာ ပရဟိတအလုပ်တွေကို လုပ်ကိုင်သူ G ကတော့ သူမရရှိသမျှ ဝင်ငွေ တော်တော်များများကို လှူဒါန်းမှုတွေ ပြုလုပ်တတ်သူလေးပါနော်.။ ဒီနေ့မှာလည်း G ကတော့ သူမရရှိတဲ့ အနုပညာကြေးငွေတွေနဲ့ လှူဒါန်းမှုလေးတစ်ခုကို အခုလိုပဲ ထပ်မံ ပြုလုပ်လိုက်ပြန်ပါတယ်.။

“ညီမ အရမ်းလှူချင်နေတဲ့ လူနာတင်ကား 🚑 ကို ရှင်သန်ရေး ကူညီမှုအသင်းကို လှူနိုင်ခဲ့ပါပြီ။အလုပ်အပ်တဲ့ လုပ်ငန်းရှင်များနဲ့ ညီမရဲ့ live sale တွေမှာ ဝယ်ယူအားပေးတဲ့လူတိုင်းကို ကျေးဇူးတင်ပါတယ်။ #gvocals” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။

Gကတော့ တကယ့်ကို စိတ်ထားမွန်မြတ်ကာ လှူရရင်ကို ပျော်ရွှင်ကျေနပ်နေသူလေးပါပဲနော်..ပရိသတ်ကြီး.။ ပရိသတ်ကြီးလည်း Gရဲ့ မွန်မြတ်တဲ့ အလှူလေးအတွက် သာဓု ခေါ်ဆိုပေးခဲ့ပါဦးနော်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။
Source: G Vocal’s Facebook

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.