ကိုဗစ္အတြက္ လိုအပ္တဲ့စက္ပစၥည္းေတြဝယ္ယူနိုင္ဖို့ အြန္လိုင္းမွာ အလွဴခံရင္း (၂၄) နာရီမျပည့္တဲ့အခ်ိန္မွာတင္ အလွဴေငြ သိန္း (၉၀၀) ေက်ာ္ရရိွခဲ့တဲ့ ခ်စ္သုေဝရဲ့ ေခတ္သစ္ေဖာင္ေဒးရွင္း

Posted on

ရုပ်ရည်ချောမောလှပသလို စိတ်သဘောထားလည်း ကောင်းမွန်တဲ့ ချစ်သုဝေကတော့ အဆင်းရော၊ အချင်းပါ ပြီးပြည့်စုံသူလေးတစ်ယောက် ဖြစ်ပါတယ်။ ချစ်သုဝေက သူမရဲ့ခင်ပွန်း အဆိုတော် လင်းလင်းနဲ့ “ခေတ်သစ်ဖောင်ဒေးရှင်း” ကိုတည်ထောင်ထားပြီး လူတကာမလုပ်နိုင်တဲ့ ပရဟိတအလုပ်တွေကို အားသွန်ခွန်စိုက် လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ (၂၄) ရက်နေ့မှာတော့ ချစ်သုဝေက ကိုဗစ်အတွက် လိုအပ်တဲ့စက်ပစ္စည်းတွေဝယ်ယူနိုင်ဖို့ အွန်လိုင်းမှာ အလှူခံရင်း (၂၄) နာရီမပြည့်တဲ့အချိန်မှာတင် အလှူငွေ သိန်း (၉၀၀) ကျော်ရရှိခဲ့ကြောင်းကို အခုလိုပဲ ပြောလာပါတယ်။

“Live Donation အား စိတ်ပါဝင်စားစွာဖြင့် စောင့်ကြည့်လှူဒါန်းပေးကြသော စေတနာရှင်/အလှူရှင်များအားကျေးဇူးအထူးတင်ရှိပါတယ်။ 🙏 ၂၄.၁၀.၂၀၂၀ ည (၇.၀၀ ) မှစ၍ Chit Thu Wai Facebook Page မှ Live လွှင့်ကာ Covid (19)ကာလအတွင်း ဆေးရုံများနှင့် ကျန်းမာရေးဝန်ထမ်းများ အတွက် လိုအပ်သော ပစ္စည်းများအား လှူဒါန်းရန်အတွက် အလှူငွေ ကောက်ခံရာ ၂၅.၁၀.၂၀၂၀ နေ့လည်(၃.၀၀) အထိ Live Donation မှစုစုပေါင်း ( 98,092,196 ) ကျပ်တိတိ ရရှိခဲ့ပါတယ် 🙏🙏🙏”

“ခေတ်သစ်ဖောင်ဒေးရှင်းသည် Covid (19) ရောဂါကုသနေသော ဆေးရုံများအပြင် တခြားအထွေထွေကုသပေးနေသော ဆေးရုံများတွင်ပါလိုအပ်နေသည်များကို ခေတ်သစ်ဖောင်ဒေးရှင်းမှ ဖြည့်ဆည်းလှူဒါန်းပေးနေပါသည်။ ဆက်လက်၍ ရရှိထားသော အလှူရှင်များအား ကျန်းမာရေးဝန်ထမ်းများနှင့်ဆေးရုံများအတွက် လိုအပ်လျက်ရှိသည်များကို အချိနှင့်တပြေးညီ ကူညီလှုဒါန်းပေးသွားမည်ဖြစ်ပါတယ်။ အလှူရှင်များအားလုံး စိတ်၏ချမ်းသားခြင်း ၊ ကိုယ်၏ကျန်းမာခြင်းများ နှင့်ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ပြည်တွင်းပြည်ပမှ ယုံကြည်စွာလှူဒါန်းပေးကြသော အလှူရှင်များအား ကျေးဇူးအထူးတင်ရှိပါတယ် 🙏” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောထားပါတယ်။

ချစ်သုဝေကတော့ လူတကာမလုပ်နိုင်တဲ့ ပရဟိတအလုပ်ကို စိတ်ရောလူပါ မြှပ်နှံပြီး လုပ်ကိုင်နေတာ ပရိသတ်ကြီးလည်း သိပြီးသား ဖြစ်မှာပါ။ ဘာပဲဖြစ်ဖြစ် ချစ်သုဝေနဲ့တကွ (၇) ရက်သားသမီး အလှူရှင်များရဲ့ ကျေးဇူးကြောင့် လိုအပ်နေတဲ့ ဆေးဝါးစက်ပစ္စည်းတွေကို ဝယ်ယူနိုင်တော့မှာ ဝမ်းသာစရာပါပဲနော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Chit Thu Wai’s fb

zawgyi

႐ုပ္ရည္ေခ်ာေမာလွပသလို စိတ္သေဘာထားလည္း ေကာင္းမြန္တဲ့ ခ်စ္သုေဝကေတာ့ အဆင္းေရာ၊ အခ်င္းပါ ၿပီးျပည့္စုံသူေလးတစ္ေယာက္ ျဖစ္ပါတယ္။ ခ်စ္သုေဝက သူမရဲ႕ခင္ပြန္း အဆိုေတာ္ လင္းလင္းနဲ႔ “ေခတ္သစ္ေဖာင္ေဒးရွင္း” ကိုတည္ေထာင္ထားၿပီး လူတကာမလုပ္ႏိုင္တဲ့ ပရဟိတအလုပ္ေတြကို အားသြန္ခြန္စိုက္ လုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ေအာက္တိုဘာလ (၂၄) ရက္ေန႔မွာေတာ့ ခ်စ္သုေဝက ကိုဗစ္အတြက္ လိုအပ္တဲ့စက္ပစၥည္းေတြဝယ္ယူႏိုင္ဖို႔ အြန္လိုင္းမွာ အလႉခံရင္း (၂၄) နာရီမျပည့္တဲ့အခ်ိန္မွာတင္ အလႉေငြ သိန္း (၉၀၀) ေက်ာ္ရရွိခဲ့ေၾကာင္းကို အခုလိုပဲ ေျပာလာပါတယ္။

“Live Donation အား စိတ္ပါဝင္စားစြာျဖင့္ ေစာင့္ၾကည့္လႉဒါန္းေပးၾကေသာ ေစတနာရွင္/အလႉရွင္မ်ားအားေက်းဇူးအထူးတင္ရွိပါတယ္။ 🙏 ၂၄.၁၀.၂၀၂၀ ည (၇.၀၀ ) မွစ၍ Chit Thu Wai Facebook Page မွ Live လႊင့္ကာ Covid (19)ကာလအတြင္း ေဆး႐ုံမ်ားႏွင့္ က်န္းမာေရးဝန္ထမ္းမ်ား အတြက္ လိုအပ္ေသာ ပစၥည္းမ်ားအား လႉဒါန္းရန္အတြက္ အလႉေငြ ေကာက္ခံရာ ၂၅.၁၀.၂၀၂၀ ေန႔လည္(၃.၀၀) အထိ Live Donation မွစုစုေပါင္း ( 98,092,196 ) က်ပ္တိတိ ရရွိခဲ့ပါတယ္ 🙏🙏🙏”

“ေခတ္သစ္ေဖာင္ေဒးရွင္းသည္ Covid (19) ေရာဂါကုသေနေသာ ေဆး႐ုံမ်ားအျပင္ တျခားအေထြေထြကုသေပးေနေသာ ေဆး႐ုံမ်ားတြင္ပါလိုအပ္ေနသည္မ်ားကို ေခတ္သစ္ေဖာင္ေဒးရွင္းမွ ျဖည့္ဆည္းလႉဒါန္းေပးေနပါသည္။ ဆက္လက္၍ ရရွိထားေသာ အလႉရွင္မ်ားအား က်န္းမာေရးဝန္ထမ္းမ်ားႏွင့္ေဆး႐ုံမ်ားအတြက္ လိုအပ္လ်က္ရွိသည္မ်ားကို အခ်ိႏွင့္တေျပးညီ ကူညီလႈဒါန္းေပးသြားမည္ျဖစ္ပါတယ္။ အလႉရွင္မ်ားအားလုံး စိတ္၏ခ်မ္းသားျခင္း ၊ ကိုယ္၏က်န္းမာျခင္းမ်ား ႏွင့္ျပည့္စုံပါေစေၾကာင္း ဆုမြန္ေကာင္းေတာင္းအပ္ပါသည္။ျပည္တြင္းျပည္ပမွ ယုံၾကည္စြာလႉဒါန္းေပးၾကေသာ အလႉရွင္မ်ားအား ေက်းဇူးအထူးတင္ရွိပါတယ္ 🙏” ဆိုၿပီး သူမရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေျပာထားပါတယ္။

ခ်စ္သုေဝကေတာ့ လူတကာမလုပ္ႏိုင္တဲ့ ပရဟိတအလုပ္ကို စိတ္ေရာလူပါ ျမႇပ္ႏွံၿပီး လုပ္ကိုင္ေနတာ ပရိသတ္ႀကီးလည္း သိၿပီးသား ျဖစ္မွာပါ။ ဘာပဲျဖစ္ျဖစ္ ခ်စ္သုေဝနဲ႔တကြ (၇) ရက္သားသမီး အလႉရွင္မ်ားရဲ႕ ေက်းဇူးေၾကာင့္ လိုအပ္ေနတဲ့ ေဆးဝါးစက္ပစၥည္းေတြကို ဝယ္ယူႏိုင္ေတာ့မွာ ဝမ္းသာစရာပါပဲေနာ္။ ဖတ္ရႈေပးတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Chit Thu Wai’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.