“ကိုဗစ်ကာလအတွင်း သူငယ်ချင်ြး ဖစ်သူ တိုင် ရွန်တို့နဲ့အတူ အြ ပင်မှာ မတွေ့ရတော့ Video Callပြောရင်း သတိရစိတ်တွေ ဖြေဖျောက်နေကြတယ်ဆိုတဲ့ နေခြည်ဦး”

Posted on

နာမည်ကျော် Beauty Blogger မင်းသမီးချောလေး နေခြည် ဦးကို ပရိသ တ်တွေက ချစ်ခင်ရင်းနှီးပြီး သားဖြစ်မယ် ထင်ပါတယ်။ နေခြည်ဦးကတော့ အလှအပပိုင်ဆိုင်ရာမှာ အောင်မြင်နေရုံသာမက အနုပညာလှုပ်ရှားမှုပိုင်းမှာ ကျွမ်းကျင်စွာ သရုပ်ဆောင်နိုင်မှုတွေကြောင့် အောင်မြင်လာတဲ့ မင်းသမီးတစ်လက်ပါပဲနော်။ သူမဟာဆိုရင် ဖော်ရွေစွာဆက်ဆံတတ် တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို အခိုင်အမာရရှိထားတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

လတ်တလောမှာလည်း အရင်ရည်းစားဟောင်း မင်းသားချော အောင်ရဲလင်းနဲ့အတူ တွဲရက်သရုပ်ဆောင်ထားတဲ့ သီချင်း MTVလေးဟာဆိုရင် ပရိသတ်တွေကြားမှာ ရေပန်းစားနေလျက်ရှိပါတယ်။ သူမရဲ တစ်ရက်တာ လှုပ်ရှားမှုပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ နေခြည်ဦးက” အပြင်မှာမတွေ့ရတော့လဲ”လို့ ဆိုပြီး သူငယ်ချင်းဖြစ်သူ တိုင်ရွန်တို့နဲ့အတူ အပြင်မှမတွေ့ရလို့ Video Callပြောရင်း သတိရနေကြတဲ့ပုံရိပ်လေးကို လူမှုကွန်ယက်စာမျက်နှာရဲ့ Mydayမှာ တင်ပေးလာခဲ့တာပဲဖြစ်ပါတယ်။

အပြင်မထွက်ပဲ အိမ်တွင်းအောင်းနေရတော့ သူငယ်ချင်းတိုင်ရွန်တို့ကို သတိရတာနဲ့ Video Callလေးပြောရင်း သတိရစိတ်ဖြေဖျောက်ရင်း ပျော်ရွှင်နေတဲ့ပုံရိပ်လေးတွေကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေအားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source….Nay Chi Oo’s Myday

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.