ကိုဗစ်ကာလအတွင်းမှာ စကားများရန်ဖြစ်ကြတဲ့ သမီးရည်းစားတွေရဲ့အဖြစ်ကို ဟာသသဘောဆောင်ပြီး ဗီဒီယိုအဖြစ်တင်ဆက်လာတဲ့ ပိုးကြာဖြူခင်

Posted on

MRTV 4 မင်းသမီးလေး ပိုးကြာဖြူခင်ကတော့ ဇာတ်လမ်းတွဲတွေများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တယ်ဆိုပေမယ့် “မိုးကောင်းကင်အိပ်မက်” ဇာတ်လမ်းတွဲကတော့ သူမကို အောင်မြင်မှုအကြီးအကျယ် ရရှိစေခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေက ပိုးကြာဖြူခင်ကို “မိုးကောင်းကင်အိပ်မက်” ဇာတ်လမ်းတွဲထဲက ဆိုင်းမိုင်ကာရိုက်တာနဲ့ တွဲမှတ်မိနေကြတဲ့အထိ တော်တော်လေး ပေါက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ ပိုးကြာဖြူခင်ကလည်း ပရိသတ်တွေအားပေးရကျိုးနပ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်အောင် အမြဲတမ်း ကြိုးစားနေလျက်ရှိတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ပိုးကြာဖြူခင်က သူမရဲ့ ပရိသတ်တွေအတွက် သူမကိုယ်တိုင် သရုပ်ဆောင်ထားတဲ့ ဟာသဗီဒီယိုလေးတစ်ခုကို မျှဝေပေးထားပါတယ်။ ပိုးကြာဖြူခင်က ကိုဗစ်ကာလအတွင်းမှာ စကားများရန်ဖြစ်ကြတဲ့ သမီးရည်းစားတွေရဲ့အဖြစ်ကို ရိုက်ထားပြီး သူမကိုယ်သူမတောင် ရယ်ရလွန်းလို့ အူတက်ခဲ့ရတယ်လို့ ပြောထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ပိုးကြာဖြူခင်နဲ့ မင်းဘုန်းမြတ်တို့ရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။

ပိုးကြာဖြူခင်ကတော့ ကပ်ရောဂါတွေပျံ့ပွားနေချိန်မှာ တစ်ယောက်ကိုတစ်ယောက် သတိထားသင့်ကြောင်းပါ ပညာပေးထားတာ ဖြစ်ပါတယ်။ တကယ့်လက်တွေ့ဘဝက သမီးရည်းစားတွေလည်း ဒီဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကြမယ်လို့ မျှော်လင့်ပါတယ်နော်။

Source: Poe Kyar Phyu Khin’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.