ကိုဗစ် ကာ လမှာ ချစ်သူေ လးနဲ့ မတွေ့ရတာကြာလို့ အရင် ကအချိန်တွေကိုပဲ သတိရနေရတယ်ဆိုတဲ့ ဘုန်းလျှံ

Posted on

သရုပ်ဆောင် ဘုန်းလျှံကတော့ အတိတ်က သူ့ရဲ့အပြစ်တွေကို ဆေးကြောခဲ့ပြီး အခုဆိုရင် စိတ်သစ်၊ လူသ စ်နဲ့ ဘဝသစ် မှာ အခြေချနေထိုင်နေပြီပဲဖြစ်ပါတယ်။ ဘုန်းလျှံကတော့ သူဝါသနာပါတဲ့ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်သွားမှာဖြစ်ပြီး အလုပ်တွေမရှိခင်မှာ အလှူအတန်းတွေကို ဆက်တိုက်လုပ်ရင်း ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ မကြာခင်အချိန်အတွင်းမှာ လက်ထပ်တော့မှာဖြစ်တဲ့ ဘုန်းလျှံက သူ့ရဲ့အချစ်ရေးနဲ့ ပက်သတ်ပြီးလည်း ပရိသတ်တွေကို ပွင့်ပွင့်လင်း လင်းချပြထားသူတစ်ယောက်လည်း ဖြစ်ပါတ ယ်။

လက်ရှိ ကိုဗစ်ကာလမှာတော့ အိမ်ထဲကနေအိမ်ပြင်မထွက်ရတဲ့ ဘုန်းလျှံက သူ့ရဲ့ချစ်သူကို သတိတရရှိနေတာဖြစ်ပြီး ချစ်သူနဲ့အတူရှိခဲ့တဲ့အချိန်တွေကို တမ်းတနေတာ အခုလိုပဲ တွေ့ရပါတယ်။ “Covid ကြီးမြန်မြန်ဒိုးမှ. အလုပ်တွေလုပ် သူငယ်ချင်းတွေ-ချစ်သူလေး နဲ့အပြင်ဒိုးနိုင်မှာ။ အခုတော့ အရင်ကပုံတွေပဲ တင်ရတာပေါ့🤩 Covid ကာလမှ လူတိုင်းအခက်အခဲတွေရှိပေမဲ့ မိသားစုဝငိတွေ, ချစ်သူတွေ, ပရိတ်သတ်တွေကို အားတင်းထာကြပါလို့။ ကိုယ်ချစ်တဲ့သူတွေကို ပိုဂရုစိုက်ပေးပြီး အခက်အခဲတွေကို အတူတူရင်ဆိုင်ကျော်ဖြတ်နိုင်ကြပါစေဗျာ 😊🙏” ဆိုပြီး သူ့ရဲ့ အမှတ်တရတွေကို မျှဝေလာပါတယ်။

ဘုန်းလျှံကတော့ သူ့ရဲ့ချစ်သူနဲ့အတူတူ Pre Wedding ဓာတ်ပုံတွေကို ရိုက်ကူးထားသလို ပရိသတ်တွေနဲ့ မီဒီယာတွေကို ပွင့်ပွင့်လင်းလင်း အသိပေးထားပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဘုန်းလျှံတို့ ချစ်သူနှစ်ယောက် အမြန်ဆုံး ရွှေလက်တွဲနိုင်ဖို့ ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Bhone Hlan’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.