ကမာ႔ၻအလယ္ ျမန္မာနိုင္ငံ တရားစြဲခံရ အရွက္ရေစခဲ့တဲ့ အဓိက တရားခံ ႏွစ္ဦးကေတာ့

Posted on

တရားခံအစစ္ကို ကမာၻေက်ေသာ္လည္း ဥဒါန္းမေက်ပါ

ေဒၚေအာင္ဆန္းစုၾကည္ကို က်ေနာ္လုံးဝ မႏွစ္သက္တာ ခင္ဗ်ားတို႔လည္း သိပါတယ္။ ဒါေပမယ့္ဗ်ာ အေရးႀကီးေတာ့ ေသြးနီးဆိုသလို ကိုယ့္နိုင္ငံရဲ႕ ေခါင္းေဆာင္တစ္ေယာက္ တိုင္းတစ္ပါးမွာ ဒီလိုမ်က္ႏွာငယ္ငယ္နဲ႕ ေတြ႕ေနရတာ ရင္ထဲမွာ လုံးဝစိတ္မေကာင္းဘူး။ ဘာလို႔လည္းဆိုေတာ့ ေဒၚစုၾကည္က နိုင္ငံကိုယ္စားျပဳအေနနဲ႕ ဒီၾကားနာပြဲကို တက္ေနရလို႔ပါ။

သူမ်က္ႏွာငယ္ရင္ နိုင္ငံမ်က္ႏွာငယ္ရတယ္လို႔ ခံစားမိတယ္။ တကယ္တန္း အျပစ္ရွိေနတာက ကိုယ့္ျပည္တြင္း ျပႆနာကို ကိုယ္ေျဖရွင္းေနတဲ့ တပ္မေတာ္လည္း မဟုတ္သလို ရခိုင္ေျမာက္ပိုင္း ေနာက္ပိုင္းကိစၥေတြမွာ ေဒၚစုၾကည္အေနနဲ႕ တပ္မေတာ္ဘက္က ရပ္တည္ခဲ့တယ္ဆိုတာ သူ႕မိန႔္ခြန္းေတြ ျပန္နားေထာင္ၾကည့္ရင္ သိသာေနတာမို႔ ေဒၚစုၾကည္အေပၚလည္း အျပစ္လုံးလုံးပုံခ်လိဳ႕ မရပါဘူး။

ယခုလို ကိစၥေတြ ေပၚလာတာဟာ ေငြမ်က္ႏွာတစ္ခုတည္းၾကည့္ၿပီး လွို႔ဝွက္အပ္တဲ့ ျပည္တြင္းေရးကို ျပည္ပမီဒီယာဆီ ေရာင္းစားခဲ့တဲ့ ရိုက္တာသတင္းေထာက္ ဝလုံးနဲ႕ ေက်ာ္စိုးဦးတို႔က အဓိကတရားခံပဲဗ်။ ဘာ့ေၾကာင့္လည္းဆိုေတာ့ ရခိုင္ေျမာက္ပိုင္း ကိစၥဟာ ေအးၿပီဆိုရတဲ့ အခ်ိန္ေရာက္မွ သူတို႔ႏွစ္ေယာက္ ထဖြလိုက္တဲ့ မီးတစ္စေၾကာင့္ ကမာၻႀကီးက ျမန္မာကို တေၾကာ့ျပန္ အာ႐ုံစိုက္လာသလို ယခုေျဖရွင္းေနရတဲ့ လူမ်ိဳးတုန္းသတ္ျဖတ္မႈ႕ဆိုတဲ့ စြဲခ်က္ႀကီးျဖစ္လာေစဖို႔ သဲလြန္စ ရသြားတယ္ဆိုတာ သိေစခ်င္ပါတယ္။

အခုေတာ့ဗ်ာ ေငြမ်က္ႏွာတစ္ခုတည္းနဲ႕ နိုင္ငံကိုေရာင္းစားခဲ့တဲ့ ဝလုံးနဲ႕ ေက်ာ္စိုးဦးကေတာ့ သူ႕တို႔မိသားစုေတြနဲ႕ ၿပဳံးေပ်ာ္ေနခ်ိန္မွာ က်ေနာ္တို႔ တစ္နိုင္ငံလုံးကေတာ့ လူမ်ိဳးတုံး သတ္ျဖတ္ခဲ့တဲ့ လူသတ္တရားခံေတြလို႔ စြပ္စြဲခံေနရၿပီး က်ေနာ္တို႔ နိုင္ငံေခါင္းေဆာင္ဟာလည္း ဗိုလ္ပုံအလည္မွာ ဘယ္ေလာက္ မ်က္ႏွာငယ္လိုက္သလဲဗ်ာ။ ဝလုံးနဲ႕ ေက်ာ္စိုးဦးကိုေတာ့ ကမာၻေက်ေသာ္လည္း ဥဒါန္းမေက်ပါဘူး ခင္ဗ်ာ။

ခရက္ဒစ္ မူရင္း

Unicode

ကမာ့္ဘအလယ် မြန်မာနိုင်ငံ တရားစွဲခံရ အရှက်ရစေခဲ့တဲ့ အဓိက တရားခံ နှစ်ဦးကတော့

တရားခံအစစ်ကို ကမ္ဘာကျေသော်လည်း ဥဒါန်းမကျေပါ

ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်လုံးဝ မနှစ်သက်တာ ခင်ဗျားတို့လည်း သိပါတယ်။ ဒါပေမယ့်ဗျာ အရေးကြီးတော့ သွေးနီးဆိုသလို ကိုယ့်နိုင်ငံရဲ့ ခေါင်းဆောင်တစ်ယောက် တိုင်းတစ်ပါးမှာ ဒီလိုမျက်နှာငယ်ငယ်နဲ့ တွေ့နေရတာ ရင်ထဲမှာ လုံးဝစိတ်မကောင်းဘူး။ ဘာလို့လည်းဆိုတော့ ဒေါ်စုကြည်က နိုင်ငံကိုယ်စားပြုအနေနဲ့ ဒီကြားနာပွဲကို တက်နေရလို့ပါ။

သူမျက်နှာငယ်ရင် နိုင်ငံမျက်နှာငယ်ရတယ်လို့ ခံစားမိတယ်။ တကယ်တန်း အပြစ်ရှိနေတာက ကိုယ့်ပြည်တွင်း ပြဿနာကို ကိုယ်ဖြေရှင်းနေတဲ့ တပ်မတော်လည်း မဟုတ်သလို ရခိုင်မြောက်ပိုင်း နောက်ပိုင်းကိစ္စတွေမှာ ဒေါ်စုကြည်အနေနဲ့ တပ်မတော်ဘက်က ရပ်တည်ခဲ့တယ်ဆိုတာ သူ့မိန့်ခွန်းတွေ ပြန်နားထောင်ကြည့်ရင် သိသာနေတာမို့ ဒေါ်စုကြည်အပေါ်လည်း အပြစ်လုံးလုံးပုံချလို့ မရပါဘူး။

ယခုလို ကိစ္စတွေ ပေါ်လာတာဟာ ငွေမျက်နှာတစ်ခုတည်းကြည့်ပြီး လှို့ဝှက်အပ်တဲ့ ပြည်တွင်းရေးကို ပြည်ပမီဒီယာဆီ ရောင်းစားခဲ့တဲ့ ရိုက်တာသတင်းထောက် ဝလုံးနဲ့ ကျော်စိုးဦးတို့က အဓိကတရားခံပဲဗျ။ ဘာ့ကြောင့်လည်းဆိုတော့ ရခိုင်မြောက်ပိုင်း ကိစ္စဟာ အေးပြီဆိုရတဲ့ အချိန်ရောက်မှ သူတို့နှစ်ယောက် ထဖွလိုက်တဲ့ မီးတစ်စကြောင့် ကမ္ဘာကြီးက မြန်မာကို တကြော့ပြန် အာရုံစိုက်လာသလို ယခုဖြေရှင်းနေရတဲ့ လူမျိုးတုန်းသတ်ဖြတ်မှု့ဆိုတဲ့ စွဲချက်ကြီးဖြစ်လာစေဖို့ သဲလွန်စ ရသွားတယ်ဆိုတာ သိစေချင်ပါတယ်။

အခုတော့ဗျာ ငွေမျက်နှာတစ်ခုတည်းနဲ့ နိုင်ငံကိုရောင်းစားခဲ့တဲ့ ဝလုံးနဲ့ ကျော်စိုးဦးကတော့ သူ့တို့မိသားစုတွေနဲ့ ပြုံးပျော်နေချိန်မှာ ကျနော်တို့ တစ်နိုင်ငံလုံးကတော့ လူမျိုးတုံး သတ်ဖြတ်ခဲ့တဲ့ လူသတ်တရားခံတွေလို့ စွပ်စွဲခံနေရပြီး ကျနော်တို့ နိုင်ငံခေါင်းဆောင်ဟာလည်း ဗိုလ်ပုံအလည်မှာ ဘယ်လောက် မျက်နှာငယ်လိုက်သလဲဗျာ။ ဝလုံးနဲ့ ကျော်စိုးဦးကိုတော့ ကမ္ဘာကျေသော်လည်း ဥဒါန်းမကျေပါဘူး ခင်ဗျာ။

ခရက်ဒစ် မူရင်း

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.