Source-NayChiOo
Unicode
ပရိသတ်ကြီးရေ နေခြည်ဦးကတော့ Beauty Blogger တစ်ယောက်အဖြစ် လူသိများကျော်ကြားလာခဲ့သူ တစ်ယောက်ဖြစ်ပြီး ယောကျာ်းလေးပရိသတ်တွေသာမကမိန်းကလေးပရိသတ်တွေရဲ့ ဝန်းရံမှုကိုပါ ရရှိနေသူတစ်ဦးပါ။ အမြဲပွင့်လင်းလွန်းတဲ့သူမဟာ အခုချိန်မှာတော့ အနုပညာလှုပ်ရှားမှုအနေနဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ တွဲဖက်သရုပ်ဆောင်နေပြီဖြစ်တဲ့ မင်းသမီးသစ်လေးတစ်လက်လည်း ဖြစ်ပါတယ်။
သူမ ပထမဦးဆုံး ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ” ရန်သူ ” ဇာတ်ကားမှာလည်း ဝါရင့်သရုပ်ဆောင် မင်းသမီးချော ဝတ်မှုန်ရွှေရည်နဲ့အပြိုင် အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့တာမို့ ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကို တခဲနက်ရရှိခဲ့ပြီး နောက်ထပ်ဇာတ်ကားတွေများစွားလည်းရိုက်ကူးကာ အချိန်တိုအတွင်းမှာ မင်းသမီးအဖြစ် ပရိသတ်တွေ တခဲနက်အားပေးခံနေရသူပါ။နေခြည်ဦးဟာ ဇွဲကောင်းသူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်ချစ်ခင်မှုတွေနဲ့အတူ အောင်မြင်မှုတွေ တစ်စထက် တစ်စပိုတိုးလို့ ရရှိနေပြီဆိုတာအမှန်ပါပဲနော်။
လတ်တလောမှာတော့”The Invitation …Something Amazing and Most Luxurious Experience is on its way …ကမ္ဘာတစ်ဝှမ်းမှာအရမ်းကိုအောင်မြင်ကျော်ကြားနေတဲ့ Luxury Brand ကြီးတစ်ခုကနေ သူတို့ရဲ့ Sales Gallery ကိုသွားရောက်လေ့လာဖို့အတွက် နေခြည့်ကိုဖိတ်ကြားထားပါတယ် ။အဲ့တာဘာလဲဆိုတော့ The real 5 Stars Experience ဖြစ်တဲ့ Hotel Group က နေခြည်တို့မြန်မာနိုင်ငံကို ပထမဦးဆုံးအကြိမ် ဝင်ရောက်လာတာပဲဖြစ်ပါတယ်။ 🏙🏙ပထမဆုံးဝင်ရောက်လာတဲ့အကြိမ်မှာပဲ နေခြည့်ကို သတိတရနဲ့ အခုလို Exclusive ဖိတ်ကြားပေးတဲ့အတွက် အရမ်းလည်းဝမ်းသာသလို အရမ်းလည်းဂုဏ်ယူမိတယ် 😇ဘာဖြစ်မလဲဆိုတာကိုတော့ ၂၉ ရက်နေ့မှာစောင့်ကြည့်ပေးနော် … 😉😉”ဆိုတဲ့စာလေးနဲ့ သူမရဲ့ Chilliesတွေကို အသိပေးခဲ့တာပါ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source-NayChiOo