
Posted on




Source: PaingTakhon


ယူနီကုတ်ဖြင့်ဖတ်ရန်

ကပ်ရောဂါဆိုးကြီးပြီးသွားရင် ဘယ်သွားချင်လဲ လို့ တစ်စုံတစ်ယောက်ကိုမေးခွန်းထုတ်လိုက်တဲ့ ပိုင်တံခွန် …

CeleConnectionsပရိသတ်ကြီးရေ ပိုင်တံခွန်ကတော့ မြန်မာနိုင်ငံက ပရိသတ်တွေသာမက အာရှတစ်ခွင်မှာပါအောင်မြင်ကျော်ကြားနေတဲ့ မော်ဒယ်လ်မင်းသား တစ်လက်ပါပဲနော်။ဆယ်ကျော်သက်နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော် မော်ဒယ်လ်မင်းသားတစ်လက်ဖြစ်ပြီး ထိုင်းနိုင်ငံမှာလည်း မကြာခဏ အနုပညာအလုပ်တွေ သွားရောက်ရိုက်ကူးနေရသူပါ။

ထိုင်းနိုင်ငံကတော့မြန်မာနိုင်ငံပြီးရင် သူ့ရဲ့ ပရိသတ်တွေဒုတိယအများဆုံးနိုင်ငံလို့တောင်ဆိုရမှာပါ။အမြဲပျော်ပျော်နေတတ်ကာ ပရိသတ်တွေကို စနောက်တတ်တာကြောင့် ပရိသတ်တွေအချစ်ပိုနေရတာပါပဲနော်။ စိတ်ထဲကောင်းပြီး အမြဲ မောက်မာမှုမရှိတဲ့ မင်းသားလေးဖြစ်တာကြောင့် ချစ်သူခင်သူတွေပေါများနေတာပါပဲနော်။

မိန်းကလေးပရိသတ်တွေ အထူးစိတ်ဝင်စားဆုံးအရာကတော့ သူ့ရဲ့ အချစ်ရေးပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့ သူ့ရဲ့အချစ်ရေးကိုထုတ်ဖော်ပြောပြထားခြင်းမရှိသေးတာဖြစ်ပေမယ့် ဒီနေ့မှာတော့ ” စဉ်းစားထားနော် ရောဂါတွေပြီးရင် ဘယ်သွားချင်လဲဆိုတာ “ဆိုတဲ့စာလေးနဲ့အတူ သူ့ရဲ့ အလှပုံလေးကို တင်လာခဲ့တာပါ။CeleConnectionsပရိသတ်ကြီးရေ ပိုင်တံခွန်တစ်ယောက် ဘယ်သူ့ကိုရည်ရွယ်လဲဆို ခန့်မှန်းချက်ပေးခဲ့ပါဦးနော် ။

Source: PaingTakhon

Candy -CeleConnections

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.