” ကတုံးကေနဲ့တောင် ဖက်ရှင်ကျအောင် မိမိုက်နေတဲ့ ဆယ်လီများ “
(၁)ပိုပို
(၂) ဝိုင်းစုခိုင်သိန်း
(၃)နန်းစန္ဒာလှထွန်း
(၄) နေခြည်ဦး
(၅)ဖြူဖြူကျော်သိန်း
ယူနီကုတ်ဖြင့်ဖတ်ရန်
အဆိုတော်သရုပ်ဆောင်ပိုပို ဟာ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်ပြီး အလှူအတန်းခဏခဏပြုလုပ်တတ်သူလေးလည်းဖြစ်ပြီး သီလရှင်လည်း ဝတ်ခဲ့ပါသေးတယ်။ ပရိတ်သတ်အခိုင်အမာရရှိထားပြီး သူမသီချင်းတော်တော်များများကို ခလေးလူကြီးမရွေးနှစ်သက်သဘောကျကြတဲ့အပြင် သူမရဲ့ ဖက်ရှင်ကတော့ ဘယ်လိုပုံစံနဲကပဲ ဖြစ်ဖြစ် အမိမိုက်ဆုံး ဖြစ်နေတာပါ။သီလရှင်ဝတ်ခဲ့ပေမယ့် သူမရဲ့ ကတုံးဆံပင်ကေနဲ့ ပွဲတွေလည်း တက်ခဲ့ပြန်ပါသေးတယ်။သူမအတွက် ဖက်ရှင်ကတော့ ပိုက်ဆံတွေအများကြီးပေးပြီး ဆံပင်အတုတွေ မဝယ်ချင်တဲ့အတွက် ပင်ကိုယ်မူလပုံစံကိုပဲ ယုံကြည်မှုရှိရှိနဲ့ အမိမိုက်ဆုံး ဖြစ်အောင်နေတတ်သူလေး လို့ ဆိုရမှာပါ။သူမရဲ့ ကတုံးကေနဲ့ ဖက်ရှင်ဟာလည်း ပရိသတ်တွေမျက်လုံးထဲမှာ တစ်မျိုးဖြစ်မနေဘဲ အထာကျကျလှနေတယ်လို့ ဆိုရမှာပါ။
(၂) ဝိုင်းစုခိုင်သိန်း
ဝိုင်းစုကတော့ ပရိသတ်တွေရင်းနှီးပြီးသားဖြစ်တဲ့ သူမရဲ့ချစ်သူအောင်လနဲက အတူတူ သာသနာ့ဘောင်ကိုဝင်ခဲ့ပြီး ပြန်ထွက်လာတဲ့အချိန် သူမရဲက လှုပ်ရှားမှုတွေကိုဝေမျှခဲ့တဲ့အချိန်မှာလည်း သဘာဝအတိုင်း ကတုံးကေနဲ့ ပေါ့ပေါ့ပါးပါးပူံစ့လေးတွေမြင်တွေ့ရပါတယ်။ တော်ရုံလူတွေမလိုက်တဲ့ ကတုံးကေနဲ့ ပွဲတွေတက်လာတဲ့အခါမှာလည်း ဖက်ရှင်ကျနေတာ မြင်ရမှာပာ။သူမကိုယ်တိုင်ကလည်း ဆံပင်အတုတက်ရတာ ပိုပင်ပန်းတာကြောင့် ပေါ့ပါးတာကြိုက်တဲ့ ဝိုင်းစုအတွက် ကတုံးဆံပင်ကေကလဲ ပိုသဘောကျစေတယ်လို့ သိရပါတယ်။
(၃)နန်းစန္ဒာလှထွန်း
နန်းစန္ဒာလှထွန်းကတော့ အောင်မြင်တဲ့ဇာတ်လမ်းတွဲမင်းသမီးတွေထဲက တစ်ယောက်ဖြစ်ပြီး We Love တွေကလည်း သူမရဲ့ ဟန်ပန်လေးတွေကြောင့် အချစ်ပိုနေကြတာပဲ ဖြစ်ပါတယ်။ သူမအနေနဲ့ နှစ်ခါမြောက် သာ့သာနာဘောင်ကိုဝင်ရောက်ပြီးအနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်တဲ့အချိန်မှာလည်း ကတုံးကေနဲ့ အလှပုံတွေရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ အမိုက်စားပုံရိပ်တွေကို ရိုက်ကူးခဲ့တာကြောင့် ပရိသတ်တွေကတောင် အံံသြနေကြရတာပါနော်။နန်းစန္ဒာလှထွန်းကလည်း ကတုံးကေနဲ့တောင် ဖက်ရှင်ကျအောင် မိမိုက်နေတဲ့မင်းသမီးထဲက တစ်လက်အပါအဝင်လို့ဆိုရမှာပါ။
(၄) နေခြည်ဦး
နေခြည်ဦးကတော့ ဗျူးတီးဘလော့ကာလည်းဖြစ်သလို အနုပညာဘက်ကိုလည်း လျှောက်လှမ်းနေပြီဖြစ်ပါတယ်။ အမြဲပွင့်လင်းတဲ့စတိုင်နဲ့ သူမအဖို့ လွတ်လပ်ပေါ့ပါးတာကို သဘောကျတာကြောင့် မွေးနေ့မှာ သာ့သနာ့ဘောင်ကို ဝင်ပြီးတဲ့နောက် ကတုံးကေနဲ့လည်းအမိုက်စားပုံရိပ်တွေကို ဝေမျှခဲ့တာတွေ့ရပါတယ်။လိုအပ်တဲ့ပွဲတွေမှာသာ ဆံပင်အတုတွေတက်ကာပွဲတက်ခဲ့ပေမယ့် ပုံမှန်နေချိန်မှာတော့ သဘာဝအတိုင်း ကတုံးကေနဲ့ ဖက်ရှင်ကျကျအလန်းစား ပုံရိပ်တွေကို မကြာမကြာမြင်တွေ့ရတာကြောင့် ချီချီဟာလည်း ကတုံးကေနဲ့တောင် ဖက်ရှင်ကျအောင် မိမိုက်နေတဲ့ ဆယ်လီတွေထဲကတစ်ယောက်လို့ ဆိုရမှာပါ။
(၅)ဖြူဖြူကျော်သိန်း
ပြည်သူ့အချစ်တော် ဖြူဖြူကျော်သိန်းကတော့ ဘယ်အချိန်ဖြစ်ဖြစ် ပရိသတ်တွေအံံသြမှင်သက်ရလောက်တဲ့ဖက်ရှင်တွေနဲ့ ဖမ်းစားနိုင်သူပဲ ဖြစ်ပါတယ်။ ဘယ်လိုအချိန်မှာဖြစ်ဖြစ် အကြမ်းစားဖက်ရှင်တွေနဲ့ ယုံကြည်မှုရှိလွန်းတဲ့ ဖြူဖြူကတော့ တစ်ချိန်တစ်ခါတုန်းက ကတုံးဆံပင်ကေနဲ့လည်း အမိုက်ဆုံးဖက်ရှင်တွေကို ဆင်မြန်းကာ မိမိုက်နေခဲ့တာပါ။ ကတုံးကေနဲ့တောင် ဖက်ရှင်ကျအောင် မိမိုက်နေတဲ့ ဆယ်လီတစ်ယောက်လို့ သတ်မှတ်ရမှာပါနော်။CeleConnections ပရိသတ်ကြီးကရော ဘယ်သူက ကတုံးကေနဲ့အမိမိုက်ဆုံးလဲဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.