တစ်ချိန်တစ်ခါက သီချင်းနဲ့ ဗွီဒီယိုဇာတ်ကားများစွာမှာ ပါဝင်သရုပ်ဆောင်ရင်း နာမည်ကျော်ခဲ့တဲ့ အေးဝတ်ရည်သောင်းဟာ (၁၀) စုနှစ်တစ်စုကျော် ပျောက်ကွယ်သွားခဲ့ပါတယ်။ (၂၀၁၇) ခုနှစ်မှာမှ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပြီးနောက် အနုပညာလှုပ်ရှားမှုများကို ဆက်တိုက်ဆိုသလို လုပ်နေပြီး ကြော်ငြာရိုက်ကူးရေးများကိုလည်း အားရင်အားသလို ရိုက်ကူးပေးနေတာ ဖြစ်ပါတယ်။
Photo : Aye Thaung
အလုပ်ကိစ္စများနဲ့ ပြန်လည်ထိတွေ့လာတဲ့ အေးသောင်းတစ်ယောက် အလုပ်နဲ့ပတ်သက်ပြီး စိတ်ညစ်စရာတစ်ခု ကြုံတွေ့ခဲ့ပါတယ်။ အေးသောင်းက “ကတိပျက်တဲ့သူတွေနဲ့ အလုပ် မလုပ်ပါရစေနဲ့။” ဆိုပြီး သူမရဲ့ဖေ့စ်ဘွတ်မှာ ဇူလိုင် (၁၃) ရက်နေ့ ည (၉) နာရီ (၂၁) မိနစ်က ရေးသားခဲ့ပါတယ်။ ဒီကိစ္စလေးနဲ့ပတ်သက်ပြီး အေးသောင်းက အခုလို ရှင်းပြလာခဲ့ပါတယ်။
Photo : Aye Thaung
အေးသောင်းက အလုပ်ကိစ္စချိန်းပြီးကာမှ အလုပ်ပျက်သွားလို့ စိတ်ထဲမှာ ကသိကအောင့်လေး ဖြစ်ခဲ့ရပါတယ်။ သူမအနေနဲ့လည်း မလုပ်နိုင်ရင် လွယ်လွယ်နဲ့ ကတိမပေးသလို ကတိမတည်တဲ့ သူတွေနဲ့လည်း အလုပ်တွဲမလုပ်ချင်ဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။
“ဟုတ်တယ်။ အဲ့ဒါတော့ အမက အလုပ်ကိစ္စချိန်းပြီးတော့ အလုပ်ပျက်သွားလို့ အဲ့ကိစ္စလေးက။ ဖုန်းလဲ ပြန်မဆက်တော့ အဲ့ဒါနဲ့ စိတ်ထဲမှာ။ မသွားခင်ကတော့ အမ အကုန်လုံး confirm လုပ်သွားတာပေါ့နော် အဲ့ဟာက။ ပြန်လာတော့ သူတို့ဖုန်းလဲ မကိုင်ဖူးဆိုတော့ စိတ်ထဲမှာ။ ကိုယ်ကတော့ ကတိတည်တယ်ပေါ့နော်။ ဒီရက်အတွက် ဒါလုပ်မယ်ဆိုလို့ရှိရင် အမတော့ ကိုယ်လုပ်ပေးနိုင်တာဆိုရင် လုပ်ပေးတယ်။ ကိုယ်မလုပ်ပေးနိုင်တဲ့ဟာဆိုရင် ကတိမပေးဘူး။ လွယ်လွယ်နဲ့ ကတိမပေးဘူးပေါ့နော်။ အဲ့လိုမျိုး လူတွေနဲ့ အလုပ်မလုပ်ချင်တာတော့ အမှန်ပဲ” ဆိုပြီး Myanmar Celebrity ရဲ့ အင်တာဗျူးမှာ ဖြေကြားသွားခဲ့ပါတယ်။
Photo : Aye Thaung
အသက် (၃၅) အရွယ် ရှိလာပြီဖြစ်တဲ့ အေးသောင်းဟာ အနုပညာအလုပ်များနဲ့အတူ ဘာသာရေး၊ သာသနာရေးနဲ့ လူမှုရေးများကိုပါ အားတက်သရောလုပ်ကိုင်လာတာကို တွေ့ရပါတယ်။ နောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေပြီ ဖြစ်ပါတယ်။
Photo : Aye Thaung