“ကင်မရာ မြင် တာနဲ့ ချစ်စရာကောင်းလွန်းတဲ့ အိုက်တင်မျိုးစုံလုပ်ပြ တတ်နေတဲ့ သမီးဂျူးငယ်ေ လးကို ကြည့်ပြီး ချစ် မဝဖြစ်နေတဲ့ မိုးမိုး”
Posted on
Unicode
သီချင်းတွေကို ကိုယ်တိုင်ရေးစပ်ပြီး ကိုယ်တိုင်သီဆိုလေ့ရှိတဲ့ အဆိုတော်မိုးမိုးနဲ့ ပရိသတ်တွေကို အထူးတလည် မိတ်ဆက်ပေးဖို့ မလိုလောက်ဘူးထင်ပါတယ်။ မိုးမိုးကတော့ ဂီတပိုင်းမှာသာမက သရုပ်ဆောင်မှာလည်း ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့သူတစ်ဦးပါပဲနော်။ သူဟာဆိုရင် အနုပညာလုပ်ငန်းတွေရပ်နားထားချိန်မှာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ရင်း ပရိသတ်တွေနဲ့ ပိုမိုရင်းနှီးလာတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။
သူရဲ့ ဒီမှာ ဟော့ပေါ့လေးဟာဆိုရင် ပရိသတ်တွေနဲ့ အနုပညာမောင်နှမတွေကြားအောင်မြင်နေလျက်ရှိပါတယ်။ မိုးမိုးကတော့ အားလပ်ချိန်တိုင်းမှာ သားနဲ့ သမီးတို့ကို အချိန်ပေးရင်း သာယာတဲ့နေ့ရက်လေးတွေကို ဖြတ်သန်းလျက်ရှိတဲ့သူတစ်ဦးပါပဲနော်။ နိုဝင်ဘာ(၂၁)ရက်နေ့မှာတော့ မိုးမိုးက”😍😍ချစ်ရတဲ့ ဂျူးငယ်လေး အိုက်တင်ဝါသနာပါပြီး နားလည်နေတာတော့ သေချာနေပြီ တကယ်စိတ်ဝင်တစား လုပ်မလုပ်ပဲစောင့်ကြည့်ရတော့မယ်”လို့ဆိုပြီး ကင်မရာ မြင်တာနဲ့ သမီးလေး ဂျူးငယ်ရဲ့ အိုက်တင်မျိုးစုံပေးတတ်နေတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့တာပဲဖြစ်ပါတယ်။
မိုးမိုးရဲ့ သမီးငယ် ဂျူးငယ်လေးရဲ့ ချစ်စရာကောင်းလွန်းတဲ့ ဟန်ပန်အမူအရာမျိုးစုံပေးထားတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေအားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Soure …Moe Moe ‘s Facebook
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.