ကင်ဆာဝေဒနာရှင် မနွယ်နီအတွက် ငွေကျပ်(၂)သိန်းနဲ့ Air Cooler သွားရောက်လှူဒါန်းခဲ့တဲ့ နေတိုး

Posted on

နိုင်ငံကျော် မင်းသားတစ်ဦးဖြစ်တဲ့ အကယ်ဒမီနေတိုးက အနေအေးပြီး စိတ်ရင်းစေတနာကောင်းမွန်တာကြောင့် လူချစ်လူခင် ပေါများသူတစ်ဦး ဖြစ်ပါတယ်။ နေတိုးက သူ့ရဲ့ ပရိသတ်တွေအပေါ်သာမက အနုပညာ ညီအစ်ကိုမောင်နှမတွေကိုလည်း ချစ်ခင်တာကြောင့် အနုပညာလောကမှာတော့ ကောင်းသတင်းမွှေးသူ တစ်ဦးပဲ ဖြစ်ပါတယ်။

ရုပ်ချောသလို စိတ်ထားလေးလဲကောင်းတဲ့ မင်းသားချောနေတိုးက မနေ့က ဇူလိုင်လ(၁၈) ရက်နေ့မှာတော့ ကင်ဆာရောဂါဝေဒနာကို ခံစားနေရတဲ့ ဇာတ်ပို့သရုပ်ဆောင် မနွယ်နီအတွက် လိုအပ်တာတွေ ထောက်ပံကူညီပေးခဲ့တယ်လို့ သိရပါတယ်။

နေတိုးက မနွယ်နီအတွက် ငွေသား (၂) သိန်းကျပ်တိတိ၊ Air Cooler နဲ့ အခြားအသုံးအဆောင်ပစ္စည်းတွေကို အိမ်တိုင်ရာရောက် ပို့ပေးပြီး လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

မနွယ်နီကလည်း သူမအတွက် အလိုအပ်ဆုံး၊ အလိုချင်ဆုံး Air Cooler လေးရတော့ တော်တော်လေး ဝမ်းသာနေတာကို တွေ့ရပါတယ်။ ပရိသတ်တွေအတွက် မနွယ်နီရဲ့ ရင်တွင်းခံစားချက် အပျော်တွေကို မနွယ်နီရဲ့ ရင်တွင်းစကားသံလေးကို မျှဝေပေးလိုက်ပါတယ်နော်။

မနွယ်နီရဲ့ ဝမ်းသာစကား

နေတိုးကတော့ မနွယ်နီအတွက် လိုအပ်တာတွေကို ကူညီပေးခဲ့ရလို့ တော်တော်လေး ဝမ်းသာနေမယ် ထင်ပါတယ်။ အနုပညာညီအစ်ကိုမောင်နှမတွေကို မိသားစုလို ဆက်ဆံကူညီတဲ့ နေတိုးတစ်ယောက် ဒီထက်မက အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: 7th sense creation & Akone Thi
လေးစားမှုဖြင့် ခရက်ဒစ်

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.